Tetra Pak (Thailand) Ltd.
(Myanmar Representative Office)

(မြန်မာကိုယ်စားလှယ်ရုံးခွဲ)
၁၆(ခ) ငွေဝတ်မှုံရပ်ကွက် ရွှေတောင်ကြား(၁)လမ်း
ဗဟန်းမြို့နယ၊် ရန်ကုန်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်


Tel.: 959968708288

Tetra Pak သည် စားသောက်ကုန်ပစ္စည်း ထုတ်လုပ်ခြင်း နှင့်ထုပ်ပိုးခြင်းလုပ်ငန်းများတွင် ကမ္ဘာ့ရှေ့ပြေးဦးဆောင် နံပါတ်(၁) ကုမ္ပဏီဖြစ်ပါသည်။ Tetra Pak သည် နိုင်ငံပေါင်း ၁၇၀ကျော်တွင် သန်းပေါင်းများစွာသောလူများ၏ နေ့စဉ်လိုအပ်သောအာဟာရများအတွက် ခေတ်နှင့်အညီဆန်းသစ်သောကုန်ထုပ်ပိုးမှု၊ အာဟာရပြည့်ဝ သန့်ရှင်းစိတ်ချရသော စားသောက်ကုန်များနှင့်အတူ သဘာဝပတ်ဝန်းကျင်အားထိခိုက်မှုမရှိစေသော ထုတ်ကုန်များအား ၀ယ်သူမှတဆင့်စားသုံးသူများအား ရရှိစေနိုင်ရေးအတွက် အနီးကပ်ပံ့ပိုးပေးလျှက်ရှိသော ကမ္ဘာ့အဆင့်မှီ ကုမ္ပဏီကြီးဖြစ်ပါသည်။


Tetra Pak ၏ဆောင်ပုဒ် “PROTECTS WHAT’S GOOD™," အရ Tetra Pak မှ ၀န်ထမ်းပေါင်း ၂၄၀၀၀ကျော်တို့သည် သန့်ရှင်းကျန်းမာသော အာဟာရပြည့် စားသောက်ကုန်များအား စားသုံးသူများထံသို့ နေရာတိုင်းအလွယ်တကူ ရရှိနိုင်ရေးအတွက် ၀ယ်သူများအား အကောင်းဆုံးဝန်ဆောင်မှုများပေးကာ ကမ္ဘာ့ရှေ့ ပြေးဦးဆောင်နံပါတ်(၁)ကုမ္ပဏီအဖြစ် အဓွန့်ရှည် တည်တံ့ခိုင်မြဲစေရန်အတွက် ကုမ္ပဏီ၏ ရည်မှန်းချက်များ၊ မျှော်မှန်းချက်များအား အားကြိုးမာန်တက် အကောင် အထည်ဖော်ဆောင်ရွက်လျှက် ရှိပါသည်။

Tetra Pak သည် အရှေ့တောင်အာရှသို့ ၁၉၅၈တွင် စတင်ဝင်ရောက်ခဲ့ကာ Tetra Pak Thailand အား ၁၉၇၀တွင် တည်ထောင်ခဲ့ပါသည်။ ထိုမှ မြန်မာနိုင်ငံသို့ ၂၀၁၃ခုနှစ်တွင် ၀င်ရောက်၍ Tetra Pak Myanmar အားဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံရှိ စားသောက်ကုန်လုပ်ငန်း တိုးတက်မြင့်မားရေးအတွက် အရှိန်အဟုန်မြှင့် ပါဝင်ကူညီဆောင်ရွက်လျှက်ရှိသည်။ Tetra Pak မှ ၀ယ်ယူသူများထံသို့ အဓိက ပံ့ပိုးရောင်းချပေးသောထုတ်ကုန်များမှာ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အစေ့မှရသောဖြည့်စွက်အာဟာရဖြစ်သည့် ပဲနို့အစရှိသည်နှင့် အသင့်သောက်သုံး ဒိန်ချဉ်၊ သစ်သီးဖျော်ရည်များအား သဘာဝဘေးအန္တရာယ် ကင်းလက်မှတ်ရ စက္ကူဘူးများနှင့် ထုတ်လုပ်သောလုပ် ငန်းဖြစ်ပြီး Thailand နှင့် Myanmar နိုင်ငံတို့တွင် ထုတ် လုပ်မှုလုပ်ငန်းမှစက်ပစ္စည်း ၀ယ်ယူသူ စုစုပေါင်း ၂၀၀ကျော်၊ထုပ်ပိုးမှုလုပ်ငန်းဝယ်ယူသူပေါင်း ၄၅ဦး ကျော် တို့အား ရောင်းချပံ့ပိုးပေးလျှက်ရှိပါသည်။

အသေးစိတ်သိရှိလိုပါက www.tetrapak.com တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။
