2020-12-11
YANGON, MYANMAR

TetraPak သည် မြန်မာနိုင်ငံရှိကလေးများအတွက် အစားအစာဘေးကင်းမှုနှင့် ပြည့်ဝသော အာဟာရတို့အရေးပါမှုဆိုင်ရာ အသိပညာ မြှင့်တင်ပေးလျက်ရှိ

Tetra Pak အနေဖြင့် အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်နှင့် ပူးပေါင်းလက်တွဲ၍ အွန်လိုင်းပညာပေးကမ်ပိန်းတစ်ရပ်ကို ပြုလုပ်ကာ ဘေးကင်းအာဟာရပြည့်ဝသော အစာအဟာရွေးချယ်မှုတစ်ခုအဖြစ် UHT နို့ထွက်ပစ္စည်းများကို မိတ်ဆက်ပေး

မြန်မာ၊ ရန်ကုန်၊ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်။ ။ကမ္ဘာ့ထိပ်တန်းအစားအစာပြင်ဆင်မှုနှင့် ထုပ်ပိုးမှုနည်းပညာ ပံ့ပိုးရေးကုမ္ပဏီဖြစ်သည့် Tetra Pak သည် COVID-19 ကမ္ဘာ့ကပ်ရောဂါကာလကြီးတွင် မြန်မာကလေးငယ်များ၏ အစားအစာ ဘေးကင်းမှု၊ ပြည့်ဝလုံလောက်သော အာဟာရရရှိနိုင်မှုတို့၏ အရေးကြီးပုံနှင့်စပ်လျဉ်း၍ အသိပညာပေး မြှင့်တင်မှုများဆောင်ရွက်လျက်ရှိသည့်အကြောင်းကို ယနေ့တွင် မိတ်ဆက်ပေးပြောကြားခဲ့သည်။ ကလေးတွေရဲ့ အနာဂတ်ဘ၀ လှပပြည့်စုံဖို့အတွက် အာဟာရမျှတစွာစားသုံးဖို့လိုအပ်ပြီး နွားနို့ဟာ အဓိကအရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်နေပါတယ်။ဒါကိုမြန်မာနိုင်ငံမှမိဘတွေသိရှိစေဖို့ကျွန်ုပ်တို့ကုမ္ပဏီဟာ အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်နဲ့ အတူပူးပေါင်းပြီး အွန်လိုင်းပညာပေးကမ်ပိန်းတစ်ခုကိုပြုလုပ်ထားပါတယ်။ ဤကမ်ပိန်းတွင် မိဘများအနေဖြင့် အစားအစာဘေးကင်းမှု၊ အစာအာဟာရတို့နှင့် စပ်လျဉ်းသော အကြောင်းအရာများကို အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီးထံသို့ အလွယ်တကူပင် အွန်လိုင်းမှတဆင့် မေးမြန်းဆွေးနွေးနိုင်မည်ဖြစ်သည်။

Myanmar boy drinking milk

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ အဆိုအရ မြန်မာနိုင်ငံတွင် ငါးနှစ်အောက် ကလေးများ၏ သုံးပုံတစ်ပုံ နီးပါးသည် နာတာရှည်အာဟာရချို့တဲ့မှုကို ခံစားနေရကာ ဤသို့ဖြစ်ရသည့် အကြောင်းအရင်းများစွာထဲတွင် အဓိကျသော အကြောင်း များမှာ ဘေးကင်းသော အစားအစာနှင့် သန့်ရှင်းသောရေရရှိမှု နည်းပါးခြင်းတို့ကြောင့် ဖြစ်သည်။ ဘက်တီးရီးယားပိုး ကင်းစင်ပြီး အာဟာပြည့်ဝသောအစားအစာရရှိနိုင်မှုသည် ကလေးများ၏ ခန္တာကိုယ် ကြီးထွားမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသောအချက်ဖြစ်ပြီး၊ ရောဂါများကို ခုခံကာကွယ်ရန် ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေး သည်။ ဤကမ်ပိန်းတွင် ပါဝင်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိ ကလေးမိဘများသည် Tetra Pak ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့် ဒေါက်တာဝင်းဝင်းမြင့်ထံသို့ မေးခွန်းများမေးမြန်းနိုင်မည်ဖြစ်ကာ ဒေါက်တာဝင်းဝင်းမြင့်အနေဖြင့် ပညာပေးဗီဒီယိုများနှင့် အွန်လိုင်းပေါ်မှ မျှဝေသည့်ပုံစံတို့မှတဆင့် ကလေးများ၏ အာဟာရနှင့် အစားအစာဘေးကင်းမှုဆိုင်ရာ အကြောင်းအရာ များကို ပုံမှန်ဆွေးနွေးသွားမည်ဖြစ်သည်။ UHT (Ultra-high-temperature) နည်းပညာကို အသုံးပြုထားသော အကျိုးကျေးဇူးကြောင့် Tetra Pak ဘူးခွံများဖြင့် ထုပ်ပိုးထားသော နို့ထွက်ပစ္စည်းများသည် မြန်မာကလေးငယ်များ အတွက် စိတ်ချရပြီး အာဟာရအပြည့်ရှိသော ရွေးချယ်မှုပင်ဖြစ်သည်။

UHT နည်းပညာကို အသုံးပြုထားပြီး Tetra Pak ဘူးခွံများဖြင့် ထုပ်ပိုးထားသော နို့ထွက်ပစ္စည်းများသည် အန္တရာယ် ဖြစ်စေနိုင်သော ဘက်တီးရီးယားပိုးမွှားများ ကင်းစင်သည်။ Ultra-high-temperature (UHT) နည်းပညာဖြင့် ပိုးမွှားသန့်စင်ခြင်းဆိုသည်မှာ နို့ သို့မဟုတ် အခြားထုတ်ကုန်များကို အပူချိန် ၁၃၅ ဒီဂရီခန့်တွင် ၂ စက္ကန့်မှ ၄ စက္ကန့် အချိန်တိုအတွင်း အပူပေးခြင်းဖြစ်သည်။ ထိုအခါ ဘက်တီးရီးယားပိုးများ ကင်းစင်သွားကာ တာရှည်ခံဆေးအသုံးပြုရန် မလိုအပ်ဘဲ အာဟာရများကို မူလအတိုင်း ထိန်းသိမ်းပေးထားသည့်အပြင်၊ သောက်သုံးရန် ဘေးကင်းစိတ်ချရစေပြီး အရသာကိုလည်း မူလအတိုင်း ရှိစေရန် ထိန်းသိမ်းပေးထားသည်။ ဘူးကိုမဖွင့်မချင်း ရေခဲသေတ္တာတွင် သိမ်းဆည်းရန် မလိုအပ်ဘဲ ကြာရှည်အထားခံသော ဤ UHT နို့ထွက်ပစ္စည်းများကို ကလေးမိဘများအနေဖြင့် အိမ်တွင် အလွယ်တကူ သိမ်းဆည်းထားနိုင်သောကြောင့် အဆင်ပြေစေသည်။

“အခုလို COVID-19 ကာလအတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အစားအစာဘေးကင်းမှုနဲ့ သန့်ရှင်းမှုအခြေအနေတွေက စိုးရိမ်ဖွယ်ရာဖြစ်လာနေတဲ့အချိန်မျိုးမှာ Tetra Pak ရဲ့ ပိုးမွှားသန့်စင်တဲ့ ဘူးတွေနဲ့ UHT နည်းပညာတို့က နို့ထွက်ပစ္စည်း တွေမှာ အန္တရာယ်ဖြစ်နိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ကင်းစင်စေဖို့သာမက ဘေးကင်းစိတ်ချရအောင်လည်း လုပ်ဆောင်ပေးပါတယ်။ ဒီနို့ထွက်ပစ္စည်းတွေကို မြင့်မားတဲ့ အပူချိန်မှာ စက္ကန့်အနည်းငယ်အတွင်း ပိုးသတ်ထားခြင်း ဖြစ်တာကြောင့် ကလေးငယ်တွေရဲ့ အစားအစာထဲမှာ လိုအပ်တဲ့ နို့ထွက်ပစ္စည်းတွေရဲ့ ကောင်းမွန်မှုတွေနဲ့ အာဟာရတွေကို အပြည့်အဝ ထိန်းသိမ်းပေးထားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ နို့သောက်သုံးမှုက နည်းပါးနေဆဲဖြစ်ပြီး ဒီလိုအွန်လိုင်း ကမ်ပိန်းမျိုးကို လုပ်ဆောင်ခြင်းအားဖြင့် Tetra Pak ဘူးခွံနဲ့ထုပ်ပိုးထားတဲ့ နို့ထွက်ပစ္စည်းတွေရဲ့ ကောင်းကျိုးတွေ၊ ဒီနို့ထွက်ပစ္စည်းတွေက ကလေးတွေအတွက် စိတ်ချရပြီး အာဟာရအခြေခံကောင်းတစ်ခုအဖြစ်ရွေးချယ်သင့်မှုတွေနဲ့ ပတ်သတ်ပြီး အသိပညာမြှင့်တင်သွားဖို့ ကျွန်တော်တို့ ရည်ရွယ်ပါတယ်။“ ဟု Tetra Pak Thailand နှင့် Tetra Pak Myanmar ၏ Marketing Director ဖြစ်သူ Mr. Ratanadib Supanat က ပြောကြားသည်။

“မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အာဟာရချို့တဲ့မှု အများဆုံးခံစားရတဲ့နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ တစ်ခါတစ်လေ မိခင်တွေအနေနဲ့ စိတ်ချရမှုမရှိတဲ့ အစားအစာတွေရဲ့ အကျိုးဆက်တွေကို မသိတဲ့အခါမှာ ကလေးတွေ နေ့စဉ်လိုအပ်တဲ့ အာဟာရမျှတမှုရှိတဲ့ အစားအစာတွေကို ရွေးချယ်ကျွေးဖို့ အခက်တွေ့တတ်ကြပါတယ်။ အသက် ၂ နှစ်ကနေ ၅ နှစ်ကြား ကလေးတွေကို တစ်ရက်မှာ နို့ ၅၀၀ မီလီလီတာနဲ့ အသက် ၅ နှစ်နဲ့အထက် ကလေးတွေကို တစ်ရက်မှာ နို့ ၂၅၀ မီလီလီတာ တိုက်ကျွေးဖို့ အကြံပေးချင်ပါတယ်။ နို့မှာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ကယ်လ်စီယမ်၊ ဗီတာမင်နဲ့ အာဟာရ ဓာတ်တွေ မြင့်မားစွာပါဝင်ပါတယ်။ တစ်ခါတစ်လေမှာ မိခင်တွေအနေနဲ့ ယုံကြည်စိတ်ချရမှုမရှိတဲ့ နေရာတွေကနေ နို့ဝယ်ယူတာမျိုး ဒါမှမဟုတ် ဘက်တီးယားပိုးမွှားတွေကို ဖယ်ရှားဖို့အတွက် လိုအပ်တာထက် ပိုပြီး နို့ကို အပူပေးမိတာ မျိုးလုပ်မိပြီး နို့ထဲမှာပါတဲ့ အာဟာရတွေ၊ ကောင်းကျိုးတွေကို မသိလိုက်ဘဲ ဆုံးရှုံးလိုက်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ Tetra Pak ဘူးခွံနဲ့ ထုပ်ပိုးထားတဲ့ UHT နို့ထွက်ပစ္စည်းတွေက သောက်သုံးဖို့ စိတ်ချရပြီး ကလေးအတွက် နေ့စဉ်လိုအပ်တဲ့ သောက်သုံးမှုပမာဏကို ပေးနိုင်ပါတယ်။ မိဘတွေအနေနဲ့ ကိုယ်ချစ်ရတဲ့ သားသားမီးမီးတွေအတွက် ခိုင်မာတဲ့ ကျန်းမာရေးအခြေခံအုတ်မြစ်တစ်ခု ချပေးကြဖို့ ကျွန်မ အကြံပေးလိုပါတယ်။ Tetra Pak ရဲ့ ကမ်ပိန်းမှာ ကျွန်မအနေနဲ့ ပါဝင်ခွင့်ရတဲ့ အတွက် ဝမ်းသာမိပါတယ်။ နောက်ထပ်လည်း မြန်မာနိုင်ငံမှာ ဒီလို အစားအစာဘေးကင်းမှုနဲ့ပတ်သတ်တဲ့ လှုပ်ရှားမှုတွေ အများကြီးလည်း ထပ်ပြီး မြင်တွေ့ရဖို့ မျှော်လင့်မိပါတယ်။“ ဟု အာဟာရဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာဝင်းဝင်းမြင့်က ပြောကြားခဲ့သည်။

Myanmar children in classroom drinking milk

Tetra Pak သည် ၂၀၁၆ ခုနှစ်တွင် ရန်ကုန်၌ ရုံးစတင်ဖွင့်လှစ်ခဲ့ပြီး ထိုအချိန်မှစ၍ မြန်မာနိုင်ငံမှ စားသုံးသူများအတွက် ဘေးကင်းစိတ်ချရသော အစာအာဟာရ ပေးအပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကာ၊ Tetra Pak ဘူးခွံဖြင့်ထုပ်ပိုးမှုကို အသုံးပြုလိုသော လုပ်ငန်းရှင်များနှင့်လည်း ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ Tetra Pak ကုမ္ပဏီသည် ၂၀၁၈ ခုနှစ်မှစ၍ ပြုလုပ်ခဲ့သော “Tetra Pak နှင့် တန်ဖိုးရှိရာ ကာကွယ်ပါ” ကမ်ပိန်းမှတဆင့် မြန်မာမိသားစုများနှင့် မီဒီယာများအတွက် စိတ်လှုပ်ရှားဖွယ်ရာ ပွဲအစီအစဉ်များနှင့် အွန်လိုင်းလှုပ်ရှားမှုများ ဆောင်ရွက်နေခဲ့သည်။